ညီလေးယောက်ဖ အပိုင်း(3)

<Unicode>
ညီလေး ယောက်ဖ. * အပိုင်း  ( 3. )
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=Crd:

မနေ့ညက စိတ်ထင်တိုင်း ကျဲခဲ့တာ ည၁နာရီကျော်မှ
အိပ်ပျော်သွားတာမို့  ခု မနက်ခင်း ကျတော့
၁၁ နာရီ ထိုးခါ နီးမှ နိူးတော့တယ်

"ညီလေး  ညီလေး  ထတော့လေ  ၁၁ ထိုးတော့မယ်"

"အငျးးးးးး"

ထက်နိူင် ယောက်ဖလေးကို အသာ နှိုးလိုက်တယ်
ယောက်ဖ က အင်းအဲ နဲ့ လူးလွန့်နေသေးတယ်
အင်းပေါ့လေ သူ့ခမျာ ညက တော်တော်လေးကို
အီဆလံ ဝေသွားတော့ ဒါလောက်တော့ ရှိမှာပေါ့

"ညီလေး ညီလေးထဟ ရေချိုးပြီးရင်သွားရအောင်"

ဘာမှ ပြန်မပြော ထသွားပြီး ရေချိုးခန်းထဲဝင်တော့
ကွတ ကွတ နဲ့ မို့ ထက်နိူင် စိတ်မကောင်းဖြစ်မိတယ်
ကိုယ်က အရင် နိုးပြီး အရင် ရေချိုးထားတာကြောင့်
သူ ရေချိုးနေတုန်း သူ့ အထုပ်တွေကို ပြင်ဆင်ပြီး
အသင့် လုပ်ပေးထားလိုက်တယ်

သြော် ဒုက္ခ. ဒုက္ခ. ယမင်းကိုတောင် သူ ဒီလို
လုပ်မပေးခဲ့ရပါ  အင်းပေါ့လေ ကိုယ်က လက်လွန်
ကျွန်ဖြစ် လုပ်ချင်တိုင်း လုပ်ထားပြီးမှတော့
ပြဿနာ မတက်ရအောင်တော့ ချော့ရမှာပဲ
မဟုတ်လို့ကတော့ မိုး မီးလောင်နိုင်တယ်

"ဒီမယ် ညီလေး အကို အဝတ်စားတွေထုတ်ထားတာ
အဆင်ပြေလား မသိဘူး အားလုံးလဲ ပြင်ပြီးပြီ"

မင်းခန့် ဘာမှ ပြန်မပြောပဲ အဝတ်စားကို အသာ
ယူ ဝတ်လိုက်တော့တယ် ဟုတ်တယ် ဘာမှကို ပြန် ပြောချင်စိတ်မရှိတာ မနေ့ညက မျှော်လင့်မထားတဲ့
အဖြစ်ကို ရင်ဆိုင်လိုက်ရလို့စိတ်ထဲမှာဒေါသဖြစ်ပြီး
ယူကြုံးမရ ဖြစ်ခဲ့ရတာ  တွေးလိုက်ရင် နာကျင်
ဝမ်းနည်းမိတယ်

အခုလို ဖြစ်သွားတာ မြင်ရတော့ ထက်နိူင် ရင်ထဲ
ဘယ်လိုမှ မကောင်း သနား လည်း သနားသွားတယ်

"ညီလေး အကို အောက်က စောင့်မယ်နော်"

ပြောပြီး အထုပ်တွေ ဆွဲကာ ထက်နိူင် ဟိုတယ်
အောက်ဆင်း ကျသင့်ငွေ ရှင်းကာ ကားထဲမှာ
စောင့်နေလိုက်တယ်

"ဒုန်း"

ကား တံခါးကို ဆောင့်ပိတ်ခါ ဝင်ထိုင်လိုက်တော့
ထက်နိူင် လည်း ဘာမှ မပြောပဲ အလိုက်တသိ
မောင်း ထွက်ခဲ့လိုက်သည်

ဒီလို့နဲ့ လမ်းမှာ စကား တခွန်းမှ မပြောတော့
ထမင်းစား နားတော့လဲ ဘာမှ မစား ငူငူကြီး
ထိုင်နေတာ့ ထက်နိူင် မနေတတ်တော့ပါ

"ညီလေး တခုခုတော့ စားလေကွာ မနက်ခင်းထဲက
ဘာမှ မစားရသေးဘူးလေ စားပါကွာ နော်"

ထက်နိူင် ဘယ်လိုပင် ချော့ပေမယ့် ပြောမရ
စကား လည်း ပြန်မပြော  ခက်ပြီ ဘယ်လိုမှ
မကြံတတ်တော့ ဒါနဲ့စားသောက်ပြီးကျသင့်ငွေ ရှင်း
ခရီး ဆက်လာခဲ့လိုက်တယ်

ထက်နိူင် က ဘယ်လို ချော့ရမလဲ စဥ်းစားရင်း
ကားကို မောင်းလာခဲ့လိုက်တာ ညနေ ၃ နာရီခွဲတော့
စစ်ကိုင်း မြို့ဝင် ရောက်လာပြီ မြို့တွင်းမို့ ကားက
အမြန် မောင်းလို့ အဆင်မပြေဘူး

ဟာ 

စစ်ကိုင်း တံတား အတက်လမ်းက ပိတ်ထားပါလား
ဘာများပါလိမ့်

"အမ. အမ. လမ်းက ဘာလို့ ပိတ်ထားတာလဲဗျ"

"ဟောတော်  ဒါလောက် ကိုရိုနာ ဖြစ်နေတာ
မသိဘူးလား ဒီနေ့က စပြီး 21 ရက်နေ့ အထိ ဟိုဖက်
ဒီဖက် အကူး အသန်း မရှိ ပိတ်လိုက်ပြီလေ"

"ဟုတ် ကျေးဇူးပါ အမ"

တောက် သွားပြီကွာ ဒီတခါမှ အကြီးကြီးကို ညစ်ပြီ
ဘေးနားက ယောက်ဖ ကို ကြည့်လိုက်တော့
အခြေအနေက သိပ်မကောင်းချင်
မျက်နှာက ပြိုတော့မယ့် မိုးလို ညိုမဲ မှုန်မှိုင်းနေပြီ

"ကဲ ညီလေး ဘယ်လို လုပ်ကြမလဲ ဟိုဖက်လဲ ကူးလို့
မရတော့ဘူး"

"အဲဒါဘာလုပ်ရမှာလဲ ခင်ဗျားဝေ့လို့အခုလိုဖြစ်တာ"

အသံက အေးစက် မာကြောနေသည် မျက်နှာကလဲ
ရှိသမျှ အကြော တကြောမှ မလျှော့

"အေးပါကွာ အေးပါ  ထားလိုက်ပါ ဒါတွေ အားလုံး
ကိုယ့်ကြောင့် ဖြစ်တာပါ အခု လောလောဆယ်
အကိုတို့ နေရာ တနေရာ ရှာရအောင်လေ ဒီတိုင်း
နေလို့ မဖြစ်ဘူး"

စကားပြန်က ထွက်မလာ ရှေ့တည့်တည့်ကို ကြည့်ခါ
ငြိမ်နေတာကြောင့် ဘာမှ မပြောပဲ နေလိုက်သည်

ထက်နိူင် လည်း ကားကို မောင်းရင်း မြို့ထဲ တပတ်
ပတ်ခါ အဆင်ပြေတဲ့ တည်းခိုခန်းတစ်ခုကို ဝင်ပြီး
စုံစမ်းလိုက်တယ်

"ညီမလေး အကို ၂ ယောက်ခန်း တခန်း လိုချင်တယ်
ပြီးတော့ အကိုက ရက်ရှည် နေမှာ အဲဒါ စျေးနှုန်း
သင့်အောင် လုပ်ပေးပါလား"

"ဟုတ်ကဲ့ အကို  အကိုက ဘယ်နှစ်ရက် နေမှာလဲ"

"စစ်ကိုင်း တံတား မဖွင့်မချင်း နေရမှာပေါ့ အကိုက
ဟိုဖက်ကမ်း ကူးရမှာလေ ဒါကြောင့်မို့ပါ"

"အဲဒါဆို အနည်းဆုံး ၂ ပတ် ပေါ့ ဟုတ်ကဲ့ပါ ညီမ
အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ့မယ်"

အခန်းကတော့ အဆင်ပြေသွားပြီ ယောက်ဖတော်
ကြည်အောင် ချော့ဖို့ပဲ ကျန်တော့တယ် တော်သေးတယ် အချိန် ၂ ပတ် ရလို့ အဆိုးထဲက အကောင်း
ဖြစ်လာတာ မဟုတ်လို့ကတော့ အိမ် အဝင်
တွေးတောင် မတွေးရဲ

"ကဲ ညီလေး အခန်းကတော့ ရပြီ  လာ "

ထက်နိူင် အထုပ်တွေကို ဆွဲကာ အခန်းကို ဦးဆောင်
တက်လိုက်တော့ နောက်ကတော့ ပါလာတယ်

"ညီလေး ရေ အရင် ချိုးလိုက်ကွာ လန်းသွားအောင်
ပြီးရင် အပြင်သွားပြီး တခုခု စားမယ်"

"တော်ပြီဗျာ အပြင် မထွက်ချင်ဘူး"

"ဒါဆို ဘာ စားမှာလဲ အကို ဝယ်ခဲ့မယ်လေ နော်"

"ခင်ဗျား ဖာသာ ဝယ်ချင်တာ ဝယ်ခဲ့ ကျုပ်လဲ
စားချင်မှ စားမယ် သွား"

"မဟုတ်ဘူးလေကွာ ညီလေး စားချင်တာပြော
တော်ကြာမှ အကို ဝယ်တာ မကြိုက်ရင်ဝယ်လကား
ဖြစ်မှာစိုးလို့ပါ"

"ပိုက်ဆံလေး ဒါလောက်ကို တော်တော် နှမြော
နေတာလား မသဒ္ဓါလဲ မကျွေးနဲ့ နားငြီးတယ်"

"အဲ့လို သဘောမျိုးနဲ့ ပြောတာမဟုတ်ပါဘူးကွာ
အေးပါ  အေးပါ  အကို ကြည့် ဝယ်ခဲ့ပါ့မယ်"

မင်းခန့် က ပြောပြီး ရေချိုးခန်းထဲ ဝင်သွားတာမို့
ထက်နိူင် တယောက် ခေါင်းကုတ်ရင်း ကျန်ခဲ့တယ်
သြော် ယောက်ဖလေး တယောက် ပါ ပါတယ်
မလွယ်တဲ့ မလွယ် တော်သေးတယ် သူများလို
သုံးလေးယောက်သာဆို သွားပြီ

ထက်နိူင် လည်း မြို့ထဲ ထွက်ပြီး ခေါက်ဆွဲကြော်
ထမင်းကြော်က ငါးကင် အခြား စားစရာ နဲ့
အအေးဘူး မုံ့ စုံနေအောင် ဝယ်လာခဲ့ပါတယ်
ဒါမှ တမျိုး မဟုတ် တမျိုး စားလို့ ရအောင်

အခန်း ပြန်ရောက်တော့ မှောင်နေပြီ လူ တောင်
မသဲကွဲဘူး မောင်မင်းကြီးသား က ရေချိုးပြီး
ခုတင်ပေါ်မှာ ငုတ်တုပ် ထိုင်နေတာ

"ညီလေးရာ မီးလေး ဘာလေး ဖွင့်ထားမှပေါ့ကွာ
မှောင်နေတာပဲ"

ထက်နိူင် ပြောလဲပြော သူ့ ဘာသာ မီးတွေ လိုက်ပြီး
ဖွင့်နေရတာ

"ကဲ ညီလေး  ညီလေး ကြိုက်မယ် ထင်တာလေး
အကို ဝယ်လာခဲ့တယ် ကြိုက်တာ စားနော် အကို
ရေချိုးလိုက်အုံးမယ်"

ထက်နိူင် ရေချိုးခန်းထဲ ဝင်ပြီး တစ်နေတာလုံး
မောသမျှ ရေ နဲ့ မျှောချလိုက်သည်  ရေချိုးလို့
ဝတော့ တဘက်လေး ပတ်ခါ အပြင်ရောက်တော့
စားပွဲပေါ်မှာ စားစရာတွေက ဒီအတိုင်း

"ညီလေး မစားသေးဘူးလား"

မလှုပ် ကျောက်ရုပ်ကြီးလိုပဲ ငြိမ်လို့ ဒါနဲ့ ထက်နိူင်လဲ
ဘာမှ မပြောတော့ပဲ သူ့အတွက် ဝယ်လာတဲ့
ပုဆိုးအင်္ကျီတွေဝတ်နေလိုက်တယ်  တော်သေးတယ်
သွားလေရာ အရံသင့် ရအောင် ပိုက်ဆံ များများ
သယ်တဲ့ အကျင့် ရှိထားလို့ မဟုတ်ရင် သွားပြီ

သူ အဝတ်စား လဲပြီးတဲ့ အထိ ဘာမှ ထ မစား
ထက်နိူင် ဘယ်လိုမှ မနေသာတော့

"ညီလေး လာ စားမယ်လေကွာ အေးကုန်ရင် စားလို့
မကောင်းဘူးကွ "

ခုတင်ပေါ် မှာ ထိုင်ရင်း မျက်ရည်တွေ ကျပြီး
ငြိမ်နေတာကြောင့် ထက်နိူင် ပြာယာခတ်သွားပြီ

"ဟာာ ညီလေး ဘာလို့ ငိုနေတာလဲကွာ လာပါ
ထမင်းစားရအောင်"

ထက်နိူင် က ခုတင်နား သွားပြီး ခေါ်လိုက်တော့

"ခင်ဗျားကြောင့်  ခင်ဗျားကြောင့် ကျုပ် အမေနဲ့
မြန်မြန် မတွေ့ရတော့ဘူး ဟီးးးး ပြီးတော့ ပြီးတော့
ခင်ဗျားကြောင့် ကျုပ်ရဲ့ ဟီးး ဟီးး ဟီးးးးးး"

"ဟား ညီလေးရာ ကိုယ့်ကြောင့် အခုလို ဖြစ်ရတာ
တောင်းပန်ပါတယ်ကွာ အကုန်လုံး အကို့ အမှားပါ
ကျေနပ်ပါတော့ ညီလေးရယ် နော်"

ယောက်ဖလေး ငိုနေတာ မြင်ရတော့ ထက်နိူင်ရင်ထဲ
တကယ်ကို မကောင်းပါ ဒါကြောင့်မို့ ရင်ခွင်ထဲ
ပွေ့ပိုက်ပြီး ချော့မော့လိုက်ပေမယ့် ငိုသံကမတိတ်ပါ

"တကယ်ပါ ညီလေးရာ အကို  တကယ်ကို
တောင်းပန်ပါတယ်ကွာ နော်  တိတ်တော့နော်"

ဘယ်လိုပင် တောင်းပန်ပေမယ့် မရ ငိုမြဲပင်

"အကို ဘယ်လို တောင်းပန်မှ ကျေနပ်မှာလဲကွာ
ပြောပါ မင်း ပြောသလို တောင်းပန်ပါ့မယ် နော်"

"မသိဘူးဗျာ  ခင်ဗျား လုပ်ချင်ရာ လုပ်ပြီး အခုမှ
လာ တောင်းပန် မနေနဲ့ ခင်ဗျားကို မုန်းတယ်"

ထက်နိူင် ခုတင်ပေါ် က ဆင်းကာ ကြမ်းပြင်ပေါ်မှာ
ဒူး ထောက်လိုက်ပြီး

"ကဲ ညီလေး အကို မင်းကို ဒူးထောက်ပြီး  တကယ်
တောင်းပန်ပါတယ်ကွာ ကျေ ပါ တော့ နော်
နော် ညီလေး "

မင်းခန့် မျက်ရည် ကြားက ကြည့်လိုက်တော့
ကိုထက်နိူင် သူ့ကို တကယ် ဒူးထောက်ပြီးတော့
တောင်းပန်နေတာ မြင်ရတော့ တမျိုးဖြစ်နေတယ်

"ခင်ဗျားကျုပ်ကို ငရဲ မပေးနဲ့ အခု ထ"

"မထဘူးကွာ မင်း ကျေနပ်တယ် လို့ မပြောမချင်း
မထဘူး နော် ယောက်ဖ ကျေနပ်တယ်မို့လား"

"လာပြန်ပြီလား ယောက်ဖ."

"အေးပါကွာ  အေးပါ  အကို မှားသွားလို့ နော်
အကို့ကို ကျေနပ်တယ်မို့လား "

"ခင်ဗျား အခု ထ "

"ထ ရင် ကျေနပ်မှာလား ဟင် ညီလေး "

"ထ မှာ ထစမ်းပါဗျာ ခင်ဗျားကို လွှတ် ရစ်တာပဲ"

ထက်နိူင် ဝမ်းသာအားရ ထလိုက်ပြီး မင်းခန့် ကို
ဖက်လိုက်ခါ ပါးပြင်ကို နမ်းလိုက်တယ်

"ဘာ လုပ်တာလဲ ခင်ဗျားကို ခွင့် မလွှတ်ဘူးနော်"

ခွင့်မလွှတ်ဘူး ဆိုပေမယ့် လေသံက အရင်လို
မမာတော့ပါ ဒါကြောင့် ထက်နိူင် ရင်ထဲ နဲနဲတော့
ပျော်သွားတယ်

"အေးပါကွာ  ခွင့် လွှတ်တာ မလွှတ်တာ နောက်ထား
စားစရာ ရှိတာ နဲနဲလောက် စားပါကွာ နော်"

ပခုံးဖက်ပြီး စားပွဲနား ခေါ်လာခဲ့ကာ စားစရာတွေကို
ထက်နိူင် ကိုယ်တိုင် ပြင်ဆင်ကာ ကျွေးလိုက်သည်

"ညီလေး များများ စားကွာ မင်း တနေ့လုံး ဘာမှ
စားမထားရသေးဘူး"

"အဲဒါ ခင်ဗျားကြောင့် "

"အေးပါကွာ ဘာပဲဖြစ်ဖြစ် စားပါ အားလုံး
ကိုယ့်ကြောင့်ပဲ ထားလိုက်တော့ အကုန်လုံး ကိုယ့်
အမှားပါ"

ဘာကြောင့်ပဲ ဖြစ်ဖြစ် လောလောဆယ် စားတာကို
ထက်နိူင် က ပျော်နေတာ သူ့ အမှားနဲ့ သူမို့ အခုလို
ရာသီဥတု သာယာနေကိုပဲ ကျေးဇူး တင်နေတာ

အခုချိန်မှာတော့ စားရင်း သောက်ရင်း နဲ့
နှစ်ယောက်သား ပတ်ဝန်းကျင်ကို မေ့နေကြသည်

=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=


<Zawgyi>
ညီေလး ေယာက္ဖ. * အပိုင္း  ( 3. )
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=Crd:

မေန႔ညက စိတ္ထင္တိုင္း က်ဲခဲ့တာ ည၁နာရီေက်ာ္မွ
အိပ္ေပ်ာ္သြားတာမို႔  ခု မနက္ခင္း က်ေတာ့
၁၁ နာရီ ထိုးခါ နီးမွ နိူးေတာ့တယ္

"ညီေလး  ညီေလး  ထေတာ့ေလ  ၁၁ ထိုးေတာ့မယ္"

"အင်းးးးးး"

ထက္နိူင္ ေယာက္ဖေလးကို အသာ ႏႈိးလိုက္တယ္
ေယာက္ဖ က အင္းအဲ နဲ႔ လူးလြန္႔ေနေသးတယ္
အင္းေပါ႔ေလ သူ့ခမ်ာ ညက ေတာ္ေတာ္ေလးကို
အီဆလံ ေဝသြားေတာ့ ဒါေလာက္ေတာ့ ရွိမွာေပါ႔

"ညီေလး ညီေလးထဟ ေရခ်ိဳးၿပီးရင္သြားရေအာင္"

ဘာမွ ျပန္မေျပာ ထသြားၿပီး ေရခ်ိဳးခန္းထဲဝင္ေတာ့
ကြတ ကြတ နဲ႔ မို႔ ထက္နိူင္ စိတ္မေကာင္းျဖစ္မိတယ္
ကိုယ္က အရင္ ႏိုးၿပီး အရင္ ေရခ်ိဳးထားတာေၾကာင့္
သူ ေရခ်ိဳးေနတုန္း သူ့ အထုပ္ေတြကို ျပင္ဆင္ၿပီး
အသင့္ လုပ္ေပးထားလိုက္တယ္

ေၾသာ္ ဒုကၡ. ဒုကၡ. ယမင္းကိုေတာင္ သူ ဒီလို
လုပ္မေပးခဲ့ရပါ  အင္းေပါ႔ေလ ကိုယ္က လက္လြန္
ကြၽန္ျဖစ္ လုပ္ခ်င္တိုင္း လုပ္ထားၿပီးမွေတာ့
ျပႆနာ မတက္ရေအာင္ေတာ့ ေခ်ာ့ရမွာပဲ
မဟုတ္လို႔ကေတာ့ မိုး မီးေလာင္ႏိုင္တယ္

"ဒီမယ္ ညီေလး အကို အဝတ္စားေတြထုတ္ထားတာ
အဆင္ေျပလား မသိဘူး အားလုံးလဲ ျပင္ၿပီးၿပီ"

မင္းခန္႔ ဘာမွ ျပန္မေျပာပဲ အဝတ္စားကို အသာ
ယူ ဝတ္လိုက္ေတာ့တယ္ ဟုတ္တယ္ ဘာမွကို ျပန္ ေျပာခ်င္စိတ္မရွိတာ မေန႔ညက ေမွ်ာ္လင့္မထားတဲ့
အျဖစ္ကို ရင္ဆိုင္လိုက္ရလို႔စိတ္ထဲမွာေဒါသျဖစ္ၿပီး
ယူႀကဳံးမရ ျဖစ္ခဲ့ရတာ  ေတြးလိုက္ရင္ နာက်င္
ဝမ္းနည္းမိတယ္

အခုလို ျဖစ္သြားတာ ျမင္ရေတာ့ ထက္နိူင္ ရင္ထဲ
ဘယ္လိုမွ မေကာင္း သနား လည္း သနားသြားတယ္

"ညီေလး အကို ေအာက္က ေစာင့္မယ္ေနာ္"

ေျပာၿပီး အထုပ္ေတြ ဆြဲကာ ထက္နိူင္ ဟိုတယ္
ေအာက္ဆင္း က်သင့္ေငြ ရွင္းကာ ကားထဲမွာ
ေစာင့္ေနလိုက္တယ္

"ဒုန္း"

ကား တံခါးကို ေဆာင့္ပိတ္ခါ ဝင္ထိုင္လိုက္ေတာ့
ထက္နိူင္ လည္း ဘာမွ မေျပာပဲ အလိုက္တသိ
ေမာင္း ထြက္ခဲ့လိုက္သည္

ဒီလို႔နဲ႔ လမ္းမွာ စကား တခြန္းမွ မေျပာေတာ့
ထမင္းစား နားေတာ့လဲ ဘာမွ မစား ငူငူႀကီး
ထိုင္ေနတာ့ ထက္နိူင္ မေနတတ္ေတာ့ပါ

"ညီေလး တခုခုေတာ့ စားေလကြာ မနက္ခင္းထဲက
ဘာမွ မစားရေသးဘူးေလ စားပါကြာ ေနာ္"

ထက္နိူင္ ဘယ္လိုပင္ ေခ်ာ့ေပမယ့္ ေျပာမရ
စကား လည္း ျပန္မေျပာ  ခက္ၿပီ ဘယ္လိုမွ
မႀကံတတ္ေတာ့ ဒါနဲ႔စားေသာက္ၿပီးက်သင့္ေငြ ရွင္း
ခရီး ဆက္လာခဲ့လိုက္တယ္

ထက္နိူင္ က ဘယ္လို ေခ်ာ့ရမလဲ စဥ္းစားရင္း
ကားကို ေမာင္းလာခဲ့လိုက္တာ ညေန ၃ နာရီခြဲေတာ့
စစ္ကိုင္း ၿမိဳ႕ဝင္ ေရာက္လာၿပီ ၿမိဳ႕တြင္းမို႔ ကားက
အျမန္ ေမာင္းလို႔ အဆင္မေျပဘူး

ဟာ 

စစ္ကိုင္း တံတား အတက္လမ္းက ပိတ္ထားပါလား
ဘာမ်ားပါလိမ့္

"အမ. အမ. လမ္းက ဘာလို႔ ပိတ္ထားတာလဲဗ်"

"ေဟာေတာ္  ဒါေလာက္ ကို႐ိုနာ ျဖစ္ေနတာ
မသိဘူးလား ဒီေန႔က စၿပီး 21 ရက္ေန႔ အထိ ဟိုဖက္
ဒီဖက္ အကူး အသန္း မရွိ ပိတ္လိုက္ၿပီေလ"

"ဟုတ္ ေက်းဇူးပါ အမ"

ေတာက္ သြားၿပီကြာ ဒီတခါမွ အႀကီးႀကီးကို ညစ္ၿပီ
ေဘးနားက ေယာက္ဖ ကို ၾကည့္လိုက္ေတာ့
အေျခအေနက သိပ္မေကာင္းခ်င္
မ်က္ႏွာက ၿပိဳေတာ့မယ့္ မိုးလို ညိဳမဲ မႈန္မႈိင္းေနၿပီ

"ကဲ ညီေလး ဘယ္လို လုပ္ၾကမလဲ ဟိုဖက္လဲ ကူးလို႔
မရေတာ့ဘူး"

"အဲဒါဘာလုပ္ရမွာလဲ ခင္ဗ်ားေဝ့လို႔အခုလိုျဖစ္တာ"

အသံက ေအးစက္ မာေၾကာေနသည္ မ်က္ႏွာကလဲ
ရွိသမွ် အေၾကာ တေၾကာမွ မေလွ်ာ့

"ေအးပါကြာ ေအးပါ  ထားလိုက္ပါ ဒါေတြ အားလုံး
ကိုယ့္ေၾကာင့္ ျဖစ္တာပါ အခု ေလာေလာဆယ္
အကိုတို႔ ေနရာ တေနရာ ရွာရေအာင္ေလ ဒီတိုင္း
ေနလို႔ မျဖစ္ဘူး"

စကားျပန္က ထြက္မလာ ေရွ႕တည့္တည့္ကို ၾကည့္ခါ
ၿငိမ္ေနတာေၾကာင့္ ဘာမွ မေျပာပဲ ေနလိုက္သည္

ထက္နိူင္ လည္း ကားကို ေမာင္းရင္း ၿမိဳ႕ထဲ တပတ္
ပတ္ခါ အဆင္ေျပတဲ့ တည္းခိုခန္းတစ္ခုကို ဝင္ၿပီး
စုံစမ္းလိုက္တယ္

"ညီမေလး အကို ၂ ေယာက္ခန္း တခန္း လိုခ်င္တယ္
ၿပီးေတာ့ အကိုက ရက္ရွည္ ေနမွာ အဲဒါ ေစ်းႏႈန္း
သင့္ေအာင္ လုပ္ေပးပါလား"

"ဟုတ္ကဲ့ အကို  အကိုက ဘယ္ႏွစ္ရက္ ေနမွာလဲ"

"စစ္ကိုင္း တံတား မဖြင့္မခ်င္း ေနရမွာေပါ႔ အကိုက
ဟိုဖက္ကမ္း ကူးရမွာေလ ဒါေၾကာင့္မို႔ပါ"

"အဲဒါဆို အနည္းဆုံး ၂ ပတ္ ေပါ႔ ဟုတ္ကဲ့ပါ ညီမ
အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေပးပါ႔မယ္"

အခန္းကေတာ့ အဆင္ေျပသြားၿပီ ေယာက္ဖေတာ္
ၾကည္ေအာင္ ေခ်ာ့ဖို႔ပဲ က်န္ေတာ့တယ္ ေတာ္ေသးတယ္ အခ်ိန္ ၂ ပတ္ ရလို႔ အဆိုးထဲက အေကာင္း
ျဖစ္လာတာ မဟုတ္လို႔ကေတာ့ အိမ္ အဝင္
ေတြးေတာင္ မေတြးရဲ

"ကဲ ညီေလး အခန္းကေတာ့ ရၿပီ  လာ "

ထက္နိူင္ အထုပ္ေတြကို ဆြဲကာ အခန္းကို ဦးေဆာင္
တက္လိုက္ေတာ့ ေနာက္ကေတာ့ ပါလာတယ္

"ညီေလး ေရ အရင္ ခ်ိဳးလိုက္ကြာ လန္းသြားေအာင္
ၿပီးရင္ အျပင္သြားၿပီး တခုခု စားမယ္"

"ေတာ္ၿပီဗ်ာ အျပင္ မထြက္ခ်င္ဘူး"

"ဒါဆို ဘာ စားမွာလဲ အကို ဝယ္ခဲ့မယ္ေလ ေနာ္"

"ခင္ဗ်ား ဖာသာ ဝယ္ခ်င္တာ ဝယ္ခဲ့ က်ဳပ္လဲ
စားခ်င္မွ စားမယ္ သြား"

"မဟုတ္ဘူးေလကြာ ညီေလး စားခ်င္တာေျပာ
ေတာ္ၾကာမွ အကို ဝယ္တာ မႀကိဳက္ရင္ဝယ္လကား
ျဖစ္မွာစိုးလို႔ပါ"

"ပိုက္ဆံေလး ဒါေလာက္ကို ေတာ္ေတာ္ ႏွေျမာ
ေနတာလား မသဒၶါလဲ မေကြၽးနဲ႔ နားၿငီးတယ္"

"အဲ့လို သေဘာမ်ိဳးနဲ႔ ေျပာတာမဟုတ္ပါဘူးကြာ
ေအးပါ  ေအးပါ  အကို ၾကည့္ ဝယ္ခဲ့ပါ႔မယ္"

မင္းခန္႔ က ေျပာၿပီး ေရခ်ိဳးခန္းထဲ ဝင္သြားတာမို႔
ထက္နိူင္ တေယာက္ ေခါင္းကုတ္ရင္း က်န္ခဲ့တယ္
ေၾသာ္ ေယာက္ဖေလး တေယာက္ ပါ ပါတယ္
မလြယ္တဲ့ မလြယ္ ေတာ္ေသးတယ္ သူမ်ားလို
သုံးေလးေယာက္သာဆို သြားၿပီ

ထက္နိူင္ လည္း ၿမိဳ႕ထဲ ထြက္ၿပီး ေခါက္ဆြဲေၾကာ္
ထမင္းေၾကာ္က ငါးကင္ အျခား စားစရာ နဲ႔
အေအးဘူး မုံ႔ စုံေနေအာင္ ဝယ္လာခဲ့ပါတယ္
ဒါမွ တမ်ိဳး မဟုတ္ တမ်ိဳး စားလို႔ ရေအာင္

အခန္း ျပန္ေရာက္ေတာ့ ေမွာင္ေနၿပီ လူ ေတာင္
မသဲကြဲဘူး ေမာင္မင္းႀကီးသား က ေရခ်ိဳးၿပီး
ခုတင္ေပၚမွာ ငုတ္တုပ္ ထိုင္ေနတာ

"ညီေလးရာ မီးေလး ဘာေလး ဖြင့္ထားမွေပါ႔ကြာ
ေမွာင္ေနတာပဲ"

ထက္နိူင္ ေျပာလဲေျပာ သူ့ ဘာသာ မီးေတြ လိုက္ၿပီး
ဖြင့္ေနရတာ

"ကဲ ညီေလး  ညီေလး ႀကိဳက္မယ္ ထင္တာေလး
အကို ဝယ္လာခဲ့တယ္ ႀကိဳက္တာ စားေနာ္ အကို
ေရခ်ိဳးလိုက္အုံးမယ္"

ထက္နိူင္ ေရခ်ိဳးခန္းထဲ ဝင္ၿပီး တစ္ေနတာလုံး
ေမာသမွ် ေရ နဲ႔ ေမွ်ာခ်လိုက္သည္  ေရခ်ိဳးလို႔
ဝေတာ့ တဘက္ေလး ပတ္ခါ အျပင္ေရာက္ေတာ့
စားပြဲေပၚမွာ စားစရာေတြက ဒီအတိုင္း

"ညီေလး မစားေသးဘူးလား"

မလႈပ္ ေက်ာက္႐ုပ္ႀကီးလိုပဲ ၿငိမ္လို႔ ဒါနဲ႔ ထက္နိူင္လဲ
ဘာမွ မေျပာေတာ့ပဲ သူ့အတြက္ ဝယ္လာတဲ့
ပုဆိုးအကႌ်ေတြဝတ္ေနလိုက္တယ္  ေတာ္ေသးတယ္
သြားေလရာ အရံသင့္ ရေအာင္ ပိုက္ဆံ မ်ားမ်ား
သယ္တဲ့ အက်င့္ ရွိထားလို႔ မဟုတ္ရင္ သြားၿပီ

သူ အဝတ္စား လဲၿပီးတဲ့ အထိ ဘာမွ ထ မစား
ထက္နိူင္ ဘယ္လိုမွ မေနသာေတာ့

"ညီေလး လာ စားမယ္ေလကြာ ေအးကုန္ရင္ စားလို႔
မေကာင္းဘူးကြ "

ခုတင္ေပၚ မွာ ထိုင္ရင္း မ်က္ရည္ေတြ က်ၿပီး
ၿငိမ္ေနတာေၾကာင့္ ထက္နိူင္ ျပာယာခတ္သြားၿပီ

"ဟာာ ညီေလး ဘာလို႔ ငိုေနတာလဲကြာ လာပါ
ထမင္းစားရေအာင္"

ထက္နိူင္ က ခုတင္နား သြားၿပီး ေခၚလိုက္ေတာ့

"ခင္ဗ်ားေၾကာင့္  ခင္ဗ်ားေၾကာင့္ က်ဳပ္ အေမနဲ႔
ျမန္ျမန္ မေတြ႕ရေတာ့ဘူး ဟီးးးး ၿပီးေတာ့ ၿပီးေတာ့
ခင္ဗ်ားေၾကာင့္ က်ဳပ္ရဲ႕ ဟီးး ဟီးး ဟီးးးးးး"

"ဟား ညီေလးရာ ကိုယ့္ေၾကာင့္ အခုလို ျဖစ္ရတာ
ေတာင္းပန္ပါတယ္ကြာ အကုန္လုံး အကို႔ အမွားပါ
ေက်နပ္ပါေတာ့ ညီေလးရယ္ ေနာ္"

ေယာက္ဖေလး ငိုေနတာ ျမင္ရေတာ့ ထက္နိူင္ရင္ထဲ
တကယ္ကို မေကာင္းပါ ဒါေၾကာင့္မို႔ ရင္ခြင္ထဲ
ေပြ႕ပိုက္ၿပီး ေခ်ာ့ေမာ့လိုက္ေပမယ့္ ငိုသံကမတိတ္ပါ

"တကယ္ပါ ညီေလးရာ အကို  တကယ္ကို
ေတာင္းပန္ပါတယ္ကြာ ေနာ္  တိတ္ေတာ့ေနာ္"

ဘယ္လိုပင္ ေတာင္းပန္ေပမယ့္ မရ ငိုၿမဲပင္

"အကို ဘယ္လို ေတာင္းပန္မွ ေက်နပ္မွာလဲကြာ
ေျပာပါ မင္း ေျပာသလို ေတာင္းပန္ပါ႔မယ္ ေနာ္"

"မသိဘူးဗ်ာ  ခင္ဗ်ား လုပ္ခ်င္ရာ လုပ္ၿပီး အခုမွ
လာ ေတာင္းပန္ မေနနဲ႔ ခင္ဗ်ားကို မုန္းတယ္"

ထက္နိူင္ ခုတင္ေပၚ က ဆင္းကာ ၾကမ္းျပင္ေပၚမွာ
ဒူး ေထာက္လိုက္ၿပီး

"ကဲ ညီေလး အကို မင္းကို ဒူးေထာက္ၿပီး  တကယ္
ေတာင္းပန္ပါတယ္ကြာ ေက် ပါ ေတာ့ ေနာ္
ေနာ္ ညီေလး "

မင္းခန္႔ မ်က္ရည္ ၾကားက ၾကည့္လိုက္ေတာ့
ကိုထက္နိူင္ သူ့ကို တကယ္ ဒူးေထာက္ၿပီးေတာ့
ေတာင္းပန္ေနတာ ျမင္ရေတာ့ တမ်ိဳးျဖစ္ေနတယ္

"ခင္ဗ်ားက်ဳပ္ကို ငရဲ မေပးနဲ႔ အခု ထ"

"မထဘူးကြာ မင္း ေက်နပ္တယ္ လို႔ မေျပာမခ်င္း
မထဘူး ေနာ္ ေယာက္ဖ ေက်နပ္တယ္မို႔လား"

"လာျပန္ၿပီလား ေယာက္ဖ."

"ေအးပါကြာ  ေအးပါ  အကို မွားသြားလို႔ ေနာ္
အကို႔ကို ေက်နပ္တယ္မို႔လား "

"ခင္ဗ်ား အခု ထ "

"ထ ရင္ ေက်နပ္မွာလား ဟင္ ညီေလး "

"ထ မွာ ထစမ္းပါဗ်ာ ခင္ဗ်ားကို လႊတ္ ရစ္တာပဲ"

ထက္နိူင္ ဝမ္းသာအားရ ထလိုက္ၿပီး မင္းခန္႔ ကို
ဖက္လိုက္ခါ ပါးျပင္ကို နမ္းလိုက္တယ္

"ဘာ လုပ္တာလဲ ခင္ဗ်ားကို ခြင့္ မလႊတ္ဘူးေနာ္"

ခြင့္မလႊတ္ဘူး ဆိုေပမယ့္ ေလသံက အရင္လို
မမာေတာ့ပါ ဒါေၾကာင့္ ထက္နိူင္ ရင္ထဲ နဲနဲေတာ့
ေပ်ာ္သြားတယ္

"ေအးပါကြာ  ခြင့္ လႊတ္တာ မလႊတ္တာ ေနာက္ထား
စားစရာ ရွိတာ နဲနဲေလာက္ စားပါကြာ ေနာ္"

ပခုံးဖက္ၿပီး စားပြဲနား ေခၚလာခဲ့ကာ စားစရာေတြကို
ထက္နိူင္ ကိုယ္တိုင္ ျပင္ဆင္ကာ ေကြၽးလိုက္သည္

"ညီေလး မ်ားမ်ား စားကြာ မင္း တေန႔လုံး ဘာမွ
စားမထားရေသးဘူး"

"အဲဒါ ခင္ဗ်ားေၾကာင့္ "

"ေအးပါကြာ ဘာပဲျဖစ္ျဖစ္ စားပါ အားလုံး
ကိုယ့္ေၾကာင့္ပဲ ထားလိုက္ေတာ့ အကုန္လုံး ကိုယ့္
အမွားပါ"

ဘာေၾကာင့္ပဲ ျဖစ္ျဖစ္ ေလာေလာဆယ္ စားတာကို
ထက္နိူင္ က ေပ်ာ္ေနတာ သူ့ အမွားနဲ႔ သူမို႔ အခုလို
ရာသီဥတု သာယာေနကိုပဲ ေက်းဇူး တင္ေနတာ

အခုခ်ိန္မွာေတာ့ စားရင္း ေသာက္ရင္း နဲ႔
ႏွစ္ေယာက္သား ပတ္ဝန္းက်င္ကို ေမ့ေနၾကသည္

=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

Comments

Popular posts from this blog

ဦးးးရဲ့တူလေး

ကိုကြီးနဲ့အငယ်ကောင်

လက်မဆော့နဲ့ညီလေးရယ်