Posts

Showing posts from July, 2020

ဒဏ္ဏာရီထဲက ရေနတ်သား အပိုင်း(၂) သိမ်း

<Unicode> ဒဏ္ဏာရီထဲကရေနတ်သား အပိုင်း - ၂ ဇာတ်သိမ်း #Credit ;M.Y.S ~~~~~~~~~~~~~~ " ဂျိမ်း ဂျလိန်းးး ဝေါ ဝူးး ဝေါ" ခက်ထန် ကြမ်းတမ်းသော ပင်လယ်ပြင် ထက်ဝယ်...အန္တရာယ်များလှသည့်ကြားထဲကနေ...ရေသူထီးလေး မင်းအဏ္ဏဝါ ကူးခတ်နေလေသည်...မိုင်ပေါင်းများစွာ ဝေးကွာမှန်းသိသော်လည်း ချစ်ရသူ... မင်းထင်ကျော်စွာနဲ့ တွေ့ဖို့ အသက်စွန့်ကာ ကူးခတ်လာခြင်းဖြစ်လေသည်....ကူးခတ်လာရင်း တွေးနေလေရာ...လွန်စွာ မောပန်းသဖြင့် ကျောက်ဆောင် ထက်ဝယ် ခေတ္တ ခန ထိုင်ရင်း အမောဖြေနေလေသည်... " အင်း လာသာ လာရတာ... မင်းထင်က ဘဝတွေ ကူးပြောင်းပြီး ငါ့ကို မှတ်မိပါ့ မလားး...ငါပေးခဲ့တဲ့ ပုလဲဆွဲ ကြိုးကလည်း ဘဝပေါင်းများစွာ ကြာမှတော့ ပျောက်ပျက်ပြီပေါ့....ငါပြောစကားကို နားလည်ပါ့အုံးမလားးး" ဆက်လက်ကူးခက်ရန်ကျန်ရှိသေးသည့် အန္တရယ်များလှသည့် ပင်လယ်ပြင်ကို ကြည့်ရင်း မင်းအဏ္ဏဝါ သက်ပြင်းချကာ ရေထဲဆင်းပြီး ခရီးဆက်ရန် အမြန်ဆုံး ကူးခက်လိုက်လေသည်.......... ...... ဒီလိုနဲ့ပဲ မနက်အာရုဏ် မတက်ခင် အချိန် ပင်လယ်ကမ်းခြေမှာ မှောင်နေသေးတဲ့ အချိန် ကျောက်ဆောင်နဲ့ ကွယ်ကာ... ဖခင် ရေသူဘုရင်ကြီး ပေးလိုက်တဲ့ ဆေးရေကို အမြီးပေါ်ကို လောင်းချလို...

ဒဏ္ဏာရီထဲက ရေနတ်သား အပိုင်း(၁)

<Unicode> ဒဏ္ဏာရီထဲကရေနတ်သား အပိုင်း - ၁ #Credit ;M.Y.S ~~~~~~~~~~ ကုန်းဘောင်ခတ်ဦးပိုင်း... သတိုးဧကရာဇာဆိုတဲ့ ရှင်ဘုရင် နန်းတက်ပြီးခါစ...မိဖုရားကလည်းအသစ်စက်စက်...ဘုရင်၏ အသက်တော်က ၂၁လောက်ပဲ ရှိအုံးမယ်...မိဖုရားတစ်ပါးသာတော်ကောက်ပြီး အခြားသော နန်းအပြိုင် မိဖုရား များလည်းမရှိသဖြင့် ရှမ်းစော်ဘွားကြီး၏ သမီးတော် မိဖုရားနန်းမွေခမ်းလုံ မှာ ရှင်ဘုရင်ကို သဝန်တိုစရာ အူတိုစရာ မလိုတော့ပေ....တစ်ခုရှိတာက ဘုရင် သတိုးဧကရာဇာက ထီးနန်းအရိုက်အရာ အတွက် သာ မိဖုရားနဲ့ ကာမ ဆက်ဆံခြင်းပြုလုပ်ခဲ့ပေမဲ့ ကျန်အချိန်များတွင် မိဖုရားဆီသို့ သွားရောက်ခြင်း လည်ပတ်ခြင်းများပြုလုပ်လေ့မရှိပေ....အဘယ်ကြောင့်ဆိုသော်..သတိုးဧကရာဇာမှာ ယောက်ကျ်ားချင်းသာ နှစ်သက်သူဖြစ်နေသောကြောင့်ပင်ဖြစ်လေသည်...သို့ပေမဲ့ သတိုးဧကရာဇာ ကံကောင်းသည်ဟုပဲ ဆိုရမလား... မိဖုရားမှာ.... သားတော် မင်းထင်ကျော်စွာ ကို မွေးဖွားအပြီး နတ်ရွာစံ ကံတော်ကုန်ခဲ့သောကြောင့်ပင်ဖြစ်လေသည်... ....အခုဆို သားတော် မင်းထင်ကျော်စွာတောင်အသက် ၅နှစ်ရှိလေပြီ...... " ဖခမည်းတော်.... သားတော် ရေတွေအများကြီးရှိတဲ့နေရာကိုသွားချင်တယ် သားတော်ကိုလိုက်ပို့ပါလား" " သာ...